Copyright 2017 - မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး - မကဒတ (ကျောင်းသားတပ်မတော်)

 နိုင်ငံတော်အစိုးရအနေနှင့် အကြမ်းဖက်နှိမ်နင်း ဖြိုခွင်းသည့် နည်းလမ်းများကို အသုံးမပြုပဲ ကျောင်းသားထု၏လိုလားချက်နှင့်  ဆန္ဒသဘောထားများကို ဆွေးနွေးညှိနှိုင်းမှုဖြင့်သာ ဖြေရှင်းပေးရန်ကိုလည်း မကဒတအနေဖြင့် တိုက်တွန်း တောင်း ဆိုလိုက်သည်။

 

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်နိုင်ရေးအတွက် ငြိမ်းချမ်းစွာ လမ်းလျှောက်ချီတက် ကန့်ကွက် ဆန္ဒပြနေကြသည့် ဒေသသီးသီးမှ ကျောင်းသားကျောင်းသူတို့၏ လှုပ်ရှားမှု အပေါ် မကဒတ အနေဖြင့် ထောက်ခံသည်။

ယနေ့ကာလဖြစ်ထွန်းနေမှုများသည် ဒီမိုကရေစီအသွင်ကူးပြောင်းမှုနိုင်ငံရေးဖြစ်စဉ်များ ဖြစ်ထွန်းရေးအတွက် ယုံကြည်စိတ်ချနိုင် သော အခင်းအကျင်းများမဟုတ်သေး ဟု မှတ်ယူသည်။ ထို့ကြောင့် အဓိပ္ပာယ်ပြည့်ဝသော နိုင်ငံရေးဖြစ်ထွန်းမှုများ ဖြစ် မဖြစ်ကို အလေးထား စောင့်ကြည့်သွားရန် လိုအပ်သည် ဟု ရှု့မြင်သည်။

ယနေ့ကာလ စစ်အုပ်စု၏ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများနှင့် အပစ်အခတ်ရပ်စဲရေးအတွက် ဆောင်ရွက်နေမှုများသည် နိုင်ငံရေးပြဿနာများကို တွေ့ဆုံဆွေးနွေး အဖြေရှာရေးကို ဦးတည်သော ကြိုးပမ်းမှုမဟုတ်ဟု ရှုမြင်သည်။ ၎င်းတို့ ရင်ဆိုင်နေရသော စစ်ရေးအကြပ်အတည်းများကို ကျော်လွှားနိုင်ရေးနှင့် တိုင်းရင်းသား လက်နက် ကိုင် တော်လှန်ရေးအင်အားစုများအတွင်း ဖဲ့ထုတ် စည်းရုံးနိုင်ရေးအတွက် ကြိုးပမ်းနေမှုများသာ ဖြစ်သည်။

f t g