Copyright 2017 - မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး - မကဒတ (ကျောင်းသားတပ်မတော်)

မတရားအသင်းဥပဒေပုဒ်မ ၁၇ (၁)နဲ့ ဖမ်းဆီးတရားစွဲခံထားရတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) ဗဟိုကော်မတီဝင် ရဲဘော်မင်းဌေးကို ဒီကနေ့ စတင်ဘာလ ၁ ရက်နေမှာ မိုးမောက်မြို့နယ်တရားရုံးမှ တရားသေ ပြန်လွှတ်ပေးလိုက်ပါတယ်။

ရဲဘော်မင်းဌေးရဲ့အမှုနဲ့ပတ်သက်ပြီး သြဂုတ် ၃၀ ရက်နေ့က နှစ်ဖက်ရှေ့နေတွေက အပြီးသတ်လျှောက်လဲချက်ပေးပြီး ဒီကနေ့ ၂၇ ကြိမ်မြောက်ရုံးထုတ်မှာပဲ သူ့ကိုစွဲချက်တင်တဲ့အမှုဟာ ပြစ်မှုမမြောက်ကြောင်းဆုံးဖြတ်ပြီး တရားသေပြန်လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။

တရားသူကြီးက မြောက်ပိုင်း အေဘီအက်စ်ဒီအက်ဖ် အနေနဲ့ ၈၈ နောက်ပိုင်း ကေအိုင်အေ ထိန်းချုပ်နယ်မြေမှာ အန်စီအေမထိုးခင်ကတည်းက ရှိခဲ့တာဖြစ်တယ်။ နောက်ပြီး ပါလာတဲ့ ဘက်တံဆိပ်တွေကလည်း အဖွဲ့ရဲ့ ဘက်တံဆိပ်တွေဖြစ်တယ်။ အဖွဲ့ကလည်း အန်စီအေမှာ လက်မှတ်ထိုးပြီးဖြစ်ပြီး မတရားအသင်းကနေလည်း ကင်းလွတ်တဲ့ကြေညာချက် ထုတ်ပြီးသားဖြစ်တယ်။ နောက်တခုက ဒီဓာတ်ပုံတွေ ရိုက်ထားတယ်ဆိုတာနဲ့ မတရားအသင်းအတွက် အလုပ်လုပ်ပေးတယ်ဆိုတာ မဖြစ်နိုင်ဘူး။ ဓာတ်ပုံတွေ ရိုက်ထားတယ်ဆိုလို့ရှိရင် ကျန်တဲ့ဆက်သွယ်နေတဲ့ နိုင်ငံတော်အကြီးအကဲတွေ အပါအ၀င် အားလုံးဆက်သွယ်နေကြတာဖြစ်တယ်။ ဒါကြောင့် ကိုမင်းဌေးဟာ ကေအိုင်အေ အတွက် အလုပ်လုပ်ပေးနေတယ်ဆိုတာ မဖြစ်နိုင်ဘူး ထင်ကြေးနဲ့စွဲချက်တင်လို့ မရဘူး။ ဒါကြောင့်မို့လို့ တရားသေလွှတ်လိုက်တယ်ဆိုပြီးတော့ လွှတ်ပေးလိုက်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) ဗဟိုကော်မတီဝင်နှင့် မကဒတ (မြောက်ပိုင်း)  ကော်မတီဝင် ရဲဘော်မင်းဌေးသည် မိမိတို့ မကဒတ က ပြင်ဆင်ဆောင်ရွက်လျက်ရှိသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဖော်ဆောင်နိုင်ရေးဆိုင်ရာ အစည်းအဝေးပွဲကို တက်ရောက်ခဲ့ပြီးနောက် သက်ဆိုင်ရာ မကဒတ(မြောက်ပိုင်း) ခေါင်းဆောင်များထံ ဆွေးနွေးပွဲရလဒ်များအား မိတ်ဆက်ပေးရန် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် လိုင်ဇာသို့အပြန် ဗန်းမော်မှ လွယ်ဂျယ်သို့အသွား စိန်လုံ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရခြင်းဖြစ်ပါသည်။

f t g