Copyright 2017 - မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး - မကဒတ (ကျောင်းသားတပ်မတော်)

မတရားအသင်းဆက် သွယ်မှု ပုဒ်မ ၁၇(၁)ဖြင့် ဖမ်းဆီး ခံနေရသည့် မြန်မာနိုင်ငံလုံးဆိုင် ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး (မကဒတ) ဗဟိုကော် မတီဝင် ကိုမင်းဌေးကို မိုးမောက် မြို့နယ် တရားရုံးက ဇူလိုင် ၁၇ ရက်တွင် စွဲချက်တင်သင့်ကြောင်း ဆုံးဖြတ်ခဲ့ပြီး ဇူလိုင် ၂၇ ရက်၌ ဆက်လက်စစ်ဆေးပါမည်။


တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)ကို လက်မှတ်ထိုးထားသည့် ကျောင်းသားတပ်မတော် ဗဟိုကော်မတီဝင် ကိုမင်းဌေးကို KIAနှင့် ဆက်သွယ်သည်ဟုဆိုကာ တပ်မတော်မှဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်ထိ ရုံးချိန်း (၂၁)ကြိမ် ရုံးထုတ်ကာ တရားလိုပြသက်သေ ၁၀ ဦးကို စစ်ဆေး ခဲ့ပါသည်။ လက်ရှိအချိန်တွက် တရားလိုကိုစစ်ဆေးပြီးကာ ပြန်လည်ထုချေ ဖြေရှင်းသည့်အဆင့်ကို ရောက်ရှိနေပြီဖြစ်ပါသည်။ ကိုမင်းဌေး စတင်ဖမ်းဆီးခံရစဉ်ကတည်းက ကျောင်းသားတပ်မတော်အနေနှင့် အစိုးရ၊ တပ်မတော် တာဝန်ရှိသူများနှင့် စဉ်ဆက်မပျက် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပါသည်။

 

ကိုမင်းဌေးသည် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) ဗဟိုကော်မတီဝင်နှင့် မကဒတ (မြောက်ပိုင်း)  ကော်မတီဝင်အဖြစ် တာဝန်ယူထားသူတစ်ဦးဖြစ်ပြီး မကဒတ က ပြင်ဆင်ဆောင်ရွက်လျက်ရှိသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဖော်ဆောင်နိုင်ရေးဆိုင်ရာ အစည်းအဝေးပွဲကို တက်ရောက်ခဲ့ပြီးနောက် သက်ဆိုင်ရာ မကဒတ(မြောက်ပိုင်း) ခေါင်းဆောင်များထံ ဆွေးနွေးပွဲရလဒ်များအား မိတ်ဆက်ပေးရန် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် လိုင်ဇာသို့အပြန် ဗန်းမော်မှ လွယ်ဂျယ်သို့အသွား စိန်လုံ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရခြင်းဖြစ်ပါတယ်။

f t g