Copyright 2017 - မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး - မကဒတ (ကျောင်းသားတပ်မတော်)

 

၂၀၁၇ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့ ဒီကနေ့ မိုးမောက် တရားရုံးတွင် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) ဗဟိုကော်မတီဝင်နှင့် မကဒတ (မြောက်ပိုင်း)  ကော်မတီဝင် ရဲဘော်မင်းဌေးကိုယ်တိုင် စပြီး ခုခံထွက်ချက် စလုပ်ခဲ့ပါတယ်။

ထို့အပြင် ကျောင်းသားတပ်မတော်မှ ဥက္ကဌ ရဲဘော်သံခဲနှင့် နောက်ထပ်တာဝန်ရှိသူတဦး သြဂုတ်လ ၃ရက်နေ့ နှင့် ၁၄နေ့တို့တွင် ခုခံထွက်ဆိုရမှာဖြစ်ပါတယ်။ ကိုမင်းဌေးအနေနှင့် ကျန်းမာရေးလဲကောင်းမွန်သလို အခြားထူးခြားမှုလဲမရှိကြောင်း သိရှိရပါတယ်။ 

မန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) ဗဟိုကော်မတီဝင်နှင့် မကဒတ (မြောက်ပိုင်း)  ကော်မတီဝင် ရဲဘော်မင်းဌေးသည် မိမိတို့ မကဒတ က ပြင်ဆင်ဆောင်ရွက်လျက်ရှိသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဖော်ဆောင်နိုင်ရေးဆိုင်ရာ အစည်းအဝေးပွဲကို တက်ရောက်ခဲ့ပြီးနောက် သက်ဆိုင်ရာ မကဒတ(မြောက်ပိုင်း) ခေါင်းဆောင်များထံ ဆွေးနွေးပွဲရလဒ်များအား မိတ်ဆက်ပေးရန် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် လိုင်ဇာသို့အပြန် ဗန်းမော်မှ လွယ်ဂျယ်သို့အသွား စိန်လုံ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရခြင်းဖြစ်ပါတယ်။

f t g