Copyright 2017 - Custom text here

    မကဒတအနေဖြင့် မိမိတို့၏ နိုင်ငံရေးလမ်းစဉ်၊ စစ်ရေးလမ်းစဉ်နှင့် ဦးတည်ချက် ၄ ရပ်တို့မှ လုံးဝသွေဖည်ခြင်းမရှိဘဲ နိုင်ငံရေးရည်မှန်းချက်များ ပြီးပြည့်စုံသည်အထိ လူမျိုးပေါင်းစုံတိုင်းရင်းသား ပြည်သူတရပ်လုံးနှင့်အတူ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း  ၂၇ နှစ်မြောက် နေ့ထူး နေ့မြတ်တွင် ထုတ်ပြန်ကြေညာအပ်ပါသည်။

  ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးက မိမိတို့ချီတက်လျှောက်လှမ်းခဲ့ရဖူးသည့် လမ်းကြောင်းကို ပြဌာန်း ပေးခဲ့ပြီးဖြစ်သည်။ ဤသမိုင်းအတွေ့အကြုံများကို သုံးသပ်ဆင်ခြင်ရင်း ယနေ့ရင်ဆိုင်ကျော်လွားရမည့် နိုင်ငံရေးအခင်း အကျင်းများကို အဖက်ဖက်မှပြင်ဆင်ကာ ဒီမိုကရေစီပန်းတိုင်အရောက် ဆက်လက် ကြိုးပမ်းတိုက်ပွဲဝင်သွားမည် ဖြစ် ကြောင်း ထုတ်ပြန်လိုက်သည်။

ယနေ့ကာလ၏ အမြင့်မားဆုံးတောင်းဆိုချက်များဖြစ်သည့် ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံ တော်သစ် ပေါ်ထွန်းရေးနှင့် ဒီမိုကရေစီရေးတို့အတွက် စနစ်ဆိုးတစ်ခုအား တွန်းလှန်ပြောင်းလဲ နိုင်ခဲ့ သည့် ၈ လေးလုံးဒီမိုကရေစီအရေးတော်ပုံစိတ်ဓာတ်ဖြင့် တိုင်းရင်းသားလူမျိုးစုံ ပြည်သူတို့နှင့်အတူ သွေးစည်း ညီညွတ်စွာအားထုတ်ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းနှိုးဆော်ရင်း ၈ လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီး ၂၆ နှစ်မြောက် အထိမ်းအမှတ် ကြေငြာချက်ကိုထုတ်ပြန်အပ်ပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ကျောင်းသားတပ်မတော်)၏ ဒဿမအကြိမ် ညီလာခံကို ၂၀၁၄ ခုနှစ်၊ မတ်လ ၇ ရက်မှ ၁၅ ရက်နေ့ထိ မကဒတ ဗဟိုဌာနချုပ် (ဒေါင်းတမန်) စခန်းတွင် အောင်မြင်စွာ ကျင်းပ ခဲ့သည်။

မကဒတ (ကျောင်းသားတပ်မတော်)ကား မိမိအပေါ် ကျရောက်လာသည့် သမိုင်းရေးတာဝန်များကို ဆက်လက်ထမ်းဆောင်ရန် အသင့်ရှိပါသည်။   ဖြတ်သန်းခဲ့သည့် ၂၅ နှစ်တာ တော်လှန်ရေးခရီးက ရရှိခဲ့သော သင်ခန်းစာများအပေါ် အခြေခံလျက် တတိုင်းပြည်လုံး လက္ခဏာ ဆောင်သည့် နိုင်ငံရေးလုပ်ငန်းစဉ်များတွင် အဖိနှိပ်ခံ လူမျိုးစုံ တိုင်းရင်းသားပြည်သူလူထုဘက်မှ အခိုင်အမာ ဆက်လက် ရပ်တည်သွားမည်ဖြစ်ကြောင်း ယနေ့ကျရောက်သည့် အဖွဲ့အစည်းတည်ထောင်ခြင်း ၂၅ နှစ်မြောက် ငွေရတု အခါသမယတွင် ထပ်လောင်း အသိပေးလိုက်သည်။

f t g